'' ပုံပြင် ''
ဇာတ်လမ်းရဲ့ အစမှာ
ဧဝက ပန်းသီးကိုညှို့နေခဲ့တယ် ၊
ရွက်ဝါတွေက ကြွေ
မြေဝါတွေက ကြဲ
မရဲတရဲလှမ်းလာတဲ့ခြေသံတွေကတရှပ်ရှပ်၊
မှားခဲ့တာဆိုလို့ ငေးကြည့်မိယုံလေးပါပဲတဲ့
လေပြည်က မဝံ့မရဲဆို
နေဝန်းကတော့ ညို မြဲညိုဆဲ ၊
ယုံကြည်ခြင်းဆိုတာက
ပန်းတပွင့်လဲမဟုတ်
အစတခုလည်း မဟုတ်
ဗင်ဂိုးရဲ့ နားရွက်တဖက်လဲမဟုတ်ခဲ့ ၊
ရုတ်တရက် ဇာတ်လမ်းလည်းဆုံးရော
အကိုက်ခံခဲ့ရတဲ့ ပန်းသီးတလုံးနဲ့
ကြွေကျခဲ့တဲ့ သစ်ရွက်တစပဲ
သက်သေအဖြစ် ကျန်ရစ်ခဲ့တယ် ၊
ထုံးစံအတိုင်းပေါ့
နေဝန်းကတော့ ညို မြဲညိုဆဲ ။ ။
နေဝေ

Comments
Post a Comment