'' မီးလေးသာ စိမ်းနေခဲ့လျှင် ''
မီးလေးသာ စိမ်းနေခဲ့လျှင်
ကျောက်စိုင်ကျောက်ခဲမှာ စံပါယ်လိုပွင့်နိုင်ပါရဲ့၊
ဆူးနွံတောမှာ ဥသြလိုပျော်နိုင်ပါရဲ့၊
မီးလေးသာ စိမ်းနေခဲ့လျှင်
ကန္တာရမှာ နှင်းပြောက်လိုဝေနိုင်ပါရဲ့၊
မီးညွန့်ကြားမှာ မိုးစက်လိုသီနိုင်ပါရဲ့၊
မီးလေးသာ စိမ်းနေခဲ့လျှင်
ခါးသောစကားတို့ ချို နိုင်ပါရဲ့၊
သွေးအိုင်ကြားမှာ ရယ်နိုင်ပါရဲ့၊
မီးလေးသာ စိမ်းနေခဲ့လျှင်
သြော် •••••••
မီးလေးသာ တကယ်လို့များ စိမ်းနေခဲ့လျှင်။ ။
နေဝေ

Comments
Post a Comment