'' အတိတ်ဖြစ်ခဲ့တဲ့ ပစ္စု ပ္ပန် ''
အစတခုကို ဆွဲထုတ်ရင်း
အဆုံးဖြစ်သွားတဲ့အခါ
ကမ္ဘာတခုလုံး အမှောင်ကျသွားခဲ့းးးးးးး။
အဲဒီနေ့က
နေ့များစွာရဲ့ အစိတ်အပိုင်းတခုပါပဲးးးးးးးးး။
တခါ မှောင်လိုက်
နောက်တခါ ပြန်လင်းလိုက်နဲ့
တဝါးဝါး ငိုနေတဲ့ကလေးက
ဘာတွေကိုများ ဖန်တီးနိုင်မှာတဲ့လဲးးးးးးးးးးး။
ဆွဲတင်လိုက်တဲ့လက်က မွှေးပျံ့ပေမဲ့
ဖမ်းဆုပ်တဲ့လက်က ရက်စက်လွန်းရဲ့
တခါတခါ ဒါဟာလည်း
ငါတို့ရဲ့အမှန်တရား ဖြစ်လာခဲ့းးးးးးးးးးး။
ဘာကြောင့်များလဲကွယ်
ပုံပြင်ရဲ့အဆုံးမှာ
မျှော်လင့်ချက်နဲ့ သူတွေက
ရှုံး •••••ကြရ•••••သတဲ့းးးးးးးးးး။ ။
နေဝေ

ဖတ်ရင်းကြိုက်မိသွားတယ်
ReplyDelete