' အက်ကြောင်းများ''

 


'' အက်ကြောင်းများ''
 
 
အဖြေကိုသိဖို့ ကြိုးစားရတဲ့အခါ
ညဟာ နက်သထက်နက်လာရသလိုမျိုး
စံပါယ်က မွှေးပါတယ်ဆိုတာ သက်သေပြဖို့
နှင်းဆီက ညှိုးပေးရသလိုမျိုး ၊
 
ခွေးကိုက်တာနာဖို့ အတွက်
ကျားစာ ဖြစ်ပြလိုက်ရသလိုမျိုး ၊
 
ဒဏ်ရာမှန်းသိဖို့ သွေးခမျာ
အကြောင်းမဲ့သက်သက် ထွက်ပြနေရသလိုမျိုး၊
 
ဒီလို နာစရာပျက်လုံးတွေများလာတဲ့အခါ
ကုန်သွားရတဲ့ အချိန်နဲ့
ထုံသွားရတဲ့ ဟာသတွေကိုပဲ နှမျောနေမိတယ်။ ။
                     
                                နေဝေ

Comments