'' ဂျစ်ပစီတယောက်၏ နောက်ကြောင်းရာဇဝင် ''


 

 

'' ဂျစ်ပစီတယောက်၏ နောက်ကြောင်းရာဇဝင် ''
 
 
ငါမြင်နေရတာ နှင်းဆီရုံတရုံလား
အိုဟောင်းနေသော သံစဉ်ပျောက်ဂစ်တာတလက်လား
ဒါမှမဟုတ် •••••
အမဲရောင် တဝက်ရောနေတဲ့လောက  •••••
(အမေ သားဘာကိုမှ မမြင်ရတော့ပါ) ၊
 
အဖြူ ရောင်တွေလို့ ထင်ထားတဲ့အရာတွေ
လမ်းဘေးမှာပဲ ပြန့်ကျဲနေတယ်
လမ်းမပေါ်မှာက
ဓါးသွားတလက် ပျားရည်တစက်
သွားနေကြ ရက်တွေကလည်း ငတ်မွတ်သိမ်ငယ်လွန်းတယ်၊
 
တခါတလေတော့လည်း ပြန်တွေးမိပါရဲ့
ငါ လမ်းများပျောက်နေပြီလား ၊
 
စက်ခလုတ်တွေပေါ်မှာ အိပ်စက်ကြည့်တော့လည်း
အိပ်မက်က တစက်လေးမှကိုမကောင်းဘူး
ပြန်ပေးကြပါ •••
နွမ်းလျ ပြတ်ထွက်နေသော ကြိုးငယ်တချောင်း
တလမ်းဝင် တလမ်းထွက်သွားနေတာတောင်မှ
နားခိုရာကမတွေ့
လှုပ်လီလှုပ်လဲ့ ဒီလောကထဲ
(အမေ သားထွက်လာခဲ့တာ မှားပြီလား ) ။ ။
 
 
                    နေဝေ

 

Comments