'' ကံ ''


 

 

'' ကံ '' 
 
ပြတ်ကျသွားတဲ့ စက္ကူ စွန်လေးကို
သနားစရာလို့ထင်ခဲ့ဖူးတယ်
သူ့ခမျာ လွတ်လပ်ခွင့်အတွက်
ကိုယ့်ကြိုးကို ကိုယ်တိုင်ဖြတ်ခဲ့ရ ။
 
နားလည်ပါတယ်
ဘဝဆိုတာက ကော်ဖီတခွက်လို
အရသာခံဖို့အတွက် အရင်ခါးပေးလိုက်ရတာမျိုး ။
 
ဒါကြောင့် ခါးကိုမတ်ပါ
သဘာဝကပေးတဲ့ လေကိုရှု
ဘာမှမရလိုက်ဘူးဆိုတဲ့
ဆုလာဘ်ကို အားပါးတရဆုပ်ကိုင်ရင်း
''သင့်ကြောင့် ကျွန်ုပ်မှာလဲကျတိုင်းပြန်ထ
အခုတော့ လူလားမြောက်ခဲ့ရပြီ '' လို့
ခပ်ရဲရဲသာ နှုတ်ဆက်လိုက်ပါ ။ ။
 
                                    နေဝေ

 

Comments