'' သစ်ရွက်အကြွေ ''
စခဲ့တုန်းက မင်္ဂလာပါဆိုတဲ့စကားတခွန်းနဲ့ပါ
နာရီတွေက ချို မြလို့။
တနေ့တော့ ရောက်အောင်လာမယ်ပေါ့
လေလှိုင်းကို သခင်လုပ်လို့
သူလည်းချွေခဲ့ ကိုယ်လည်းကြွေခဲ့ ။
အခု အဲဒီနေ့ ရောက်လို့လာခဲ့ပါပြီ …………
မင်္ဂလာပါလို့တော့ ပြောလိုက်တာပါပဲ
သူကတော့ နှုတ်ဆက်ပါတယ်လို့
ကြားသွားလေရဲ့ ။ ။
နေဝေ

Comments
Post a Comment