''ကျွန်တော့်ဘဝ ကျွန်တော့်ကဗျာ"
လူတိုင်းမှာ မျှော်လင့်ချက်တွေရှိလိမ့်မယ်
ကျွန်တော်လည်း မျှော်လင့်ခဲ့
အကြီးကြီးတွေ မှန်းခဲ့
နီကိုလက်တက်စလာရဲ့ မပြီးခဲ့တဲ့
စီမံကိန်းအကြောင်း ........
အက်ဒီစင် တို့လုပ်ခဲ့တဲ့ စီမံကိန်းအကြောင်း....
အိုး အစုံပဲ .....
အတွေးထဲမှာ အဝေးကြီးကြိုပြေးခဲ့
ဟုတ်ကဲ့ အဲ့အချိန်မှာပဲ ဘဝဆိုတာကြီးက
ထုံးစံအတိုင်း ဒရာမာတွေချိုးပြလိုက်တော့
ကျွန်တော့်မှာ
လဲကျ.....
ပြန်ထ.......
ပြန်လဲကျ......
ပြန်ပြန်ထ..........
ပြန်ပြီးတော့ကိုလဲလဲကျ ........
ကြာလာတော့ ပြန်လဲကျမှာကို ကြောက်လို့
လှဲပဲနေလိုက်တော့တယ်....
နေ့ကရက်ကို စား
အချိန်တွေလည်း တစတစ ပါးပါးလားခဲ့ရ...
'ငါ့သားသမီးတွေ ပညာတတ်ဖို့ လိုအပ်ရင်
ငါမြေကြီးထမ်းရထမ်းရ ထမ်းမယ်'
ငယ်ငယ်ကလေးဘဝကအဖေပြောခဲ့တဲ့စကား
အိုး ...ရုတ်တရက်ရှက်လိုက်တာ…၊
ဒီလို ဒီလို ဒီလို နဲ့ပဲ
အံကို ကြိတ် ....
ခွေရိုင်နေတဲ့ စိတ်ကိုပြန်မတ်...
ရင်ကိုပြန်ကော့ .........
အနာဂတ်ကိုပြန်ပြုံးပြရင်း ......
......................................................
.........................................................
..............................…............................
ကျွတော့်လမ်းကို မတ်မတ်ပြန်လျှောက်ဖြစ်ခဲ့တယ်၊
ကျေးဇူး အရမ်းတင်ပါတယ်
အ ......ဖေ ..............။ ။
နေဝေ

အဖေမရှိခဲ့ဖူးတော့ အမေပဲသိတယ် ကိုယ့်ရဲ့ အရာအားလုံးကောင်းတာဆိုးတာအကုန်အမေပဲ ဖြည့်ဆည်း ဖန်တီးပေးခဲ့တာ
ReplyDelete